ချီယာစေ့လေးတွေနဲ့ပတ်သက်ပြီး ဘာတွေသတိထားဖို့ကောလိုမလဲ?
28-Apr-2026
ယခုတလော ခေတ်စားနေတဲ့ Chia စေ့လေးတွေကောင်းကျိုးကို တော်တော်များများသိကြပြီဆိုတော့ ချီယာစေ့လေးတွေနဲ့ပတ်သက်ပြီး ဘာတွေသတိထားဖို့ကောလိုမလဲ?
သတိထားရမယ့် အချက်တွေကတော့
➤ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေနည်းပေမယ့် တစ်ချို့သူတွေအတွက် ချီယာစေ့စားပြီး ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အရေပြား ယားယံခြင်း စတဲ့လက္ခဏာတွေ ဖြစ်ခဲ့ရင် ဆက်ပြီးမစားသင့်ပါဘူး။
➤ ချီယာစေ့နှင့် ဆေးများဓာတ်ပြုခြင်း ---- သွေးကျဲဆေး ( anticoagulants, antiplatelets ) ၊ Omega3 fatty acids နဲ့ သွေးတိုးကျဆေးတွေဟာ ချီယာစေ့နဲ့ ဓာတ်ပြုပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေ သောက်သုံးနေသူတွေမှာ ချီယာစေ့ သုံးစွဲတာကို သတိထားရပါမယ်။
➤ ချီယာစေ့မှာ သဘာဝအစွမ်းသတ္တိတွေ များစွာရှိတယ်ဆိုပေမယ့်လည်း လုံလောက်စွာ စမ်းသပ်ထားခြင်းမရှိသေးတာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ သွေးတွင်းအဆီဓာတ်များတဲ့ ရောဂါရှင်တွေအဖို့ ချီယာစေ့ဟာ မိမိအသုံးပြုနေတဲ့ ဆေးဝါးတွေအတွက် အစားထိုးခြင်းမဟုတ်ပါဘူး။ ရောဂါရှိသူတွေအဖို့ မစားသုံးမီ တည့်မတည့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ချင့်ချိန်စားသုံးသင့်ပါတယ်။
➤ သီးစေနိုင်ခြင်း၊ လည်ချောင်း၌ တစ်ခြင်း ----- လုံလောက်စွာ ရေမစိမ်ထားတဲ့ ချီယာစေ့ကို စားလိုက်ခြင်းဖြင့် လည်ချောင်းမှာ ပွလာပြီး သီးတာ၊ မျိုချရခက်တာတွေ ဖြစ်စေနိုင်လို့ ရေနဲ့အရင်ရောစပ်ပြီးမှ စားသင့်ပါတယ်။
➤ ချီယာစေ့ အလွန်အကျွံစားခြင်းဖြင့် ဝမ်းပျက်တာ၊ လေပွတာနဲ့ ဗိုက်အောင့်တာ၊ အူလမ်းကြောင်း ရောင်ရမ်းတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဲ့တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ ရှိသူတွေမှာ စားသုံးဖို့ မသင့်ပါဘူး။
➤ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ချီယာစေ့ စားသုံးတာနဲ့ပတ်သတ်ပြီး အလုံအလောက် စမ်းသပ်ထားခြင်းမရှိတာမို့ အန္တရာယ်ကင်းရှင်းကြောင်း အာမ မခံနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သတိထားသင့်ပါသည်။
Dr. Su Myat Hnin Maw
7887 Healthcare
#7887healthcare #seveneighteightseven #healthinformation
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

